Women League of Burma ၂၀၂၀ စိန်ခေါ်သံများ – 2020 Sein Call Than

0
2093

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် တိုင်းရင်းသားတန်းတူရေး၊ ကျား၊မတန်းတူရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို ဦးတည်၍ လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင်  အမျိုးသမီးများ၏ ကိုယ်စားပြုမှုသည် အရေးကြီးကြောင်းကို သတိချပ်နိုင်စေရန် ရည်ရွယ်၍ “၂၀၁၀ စိန်ခေါ်သံများ” ကို တစ်ကြိမ်ထုတ်လွှင့်ပြီး ယခု “၂၀၂၀ စိန်ခေါ်သံများ” ဟူ၍ ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့် မည်ဖြစ်သည်။  နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုကို အလေးထားသည့် အလေ့အထ ရှိစေရန်အတွက်လည်း ရည်ရွယ်၍ ထုတ်လုပ်ခြင်းဖြစ်သည်။