ထုတ်ပြန်ကြေညာချက်

0
480

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု ပျက်ကွက်နေမှုအပေါ် လွန်စွာစိတ်ပျက်ကြောင်းနှင့် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့၏ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ကို ရှုတ်ချကြောင်း မြန်မာ အရပ်ဘက်လူထုအဖွဲ့အစည်း CSO စုစုပေါင်း ၄၈၈ ဖွဲ့က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ထုတ်ဖော်​​ပြောဆိုလိုက်သည်။————————————၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်
မြန်မာပြည်သူများအား ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်လက်အောက်မှ အကာအကွယ် ပေးရေး မြန်ဆန်သော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ပေးရန် အရေးပေါ်တောင်းဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် အထူးစိတ်ပျက်ရကြောင်း မြန်မာ အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၄၈၈ ဖွဲ့တို့က ဆိုသည်။ မိမိတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရုရှား၊ အိန္ဒိယ၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံတို့၏ ရပ်တည်ချက်ကို ရှုတ်ချလိုက်ပြီး အာဏာသိမ်းထားသော မြန်မာစစ်တပ်မှ ပြည်သူလူထုအပေါ် နောက်ထပ်သော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေခြင်းမှ ကာကွယ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တာဝန်ရှိမှုနှင့် အခန်းကတို့အား မှေးမှိန်စေသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကိုလည်း ပြင်းထန်စွာ ရှုတ်ချသည်။
မိမိတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အောက်ပါအတိုင်း တောင်းဆိုလိုက်သည်။
👉 ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အာဏာသိမ်းစစ်အုပ်စုမှ အကြမ်းဖက်​နေမှုများ ရပ်တန့်စေ​ရေး၊ သွေးထွက်သံယိုမှုများနှင့် အသက်ဆုံးရှုံးမှုများ ယခုထက်ပို၍ မဖြစ်ပွားစေရေးနှင့် မတရားဖမ်းဆီး ခံထားရသူများအားလုံး ပြန်လွတ်​စေ​ရေးတို့အတွက် ကြားဝင်ဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကြားဝင်ဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ ချက်ချင်းစေလွှတ်ပေးရန်၊
👉 ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအား လက်နက်ခဲယမ်းရောင်းချခြင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရပ်တန့်စေရေး လုပ်ဆောင်ပေးရန်၊ နှင့်
👉 စစ်အာဏာရှင်မှ ကျူးလွန်ထားသော၊ ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် မြန်မာနိုင်ငံအား နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ လွှဲပြောင်းရန်။
download PDF file [English] [Burmese]