မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံနှင့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံတို့မှ ပူးတွဲထုတ်ပြန်သည့် “ခုခံတွန်းလှန်ခြင်း” အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် တရားမျှတမှု ရရှိရန် တောင်းဆိုလိုက်သည်။

0
942

၂၀၂၂ ခုနှစ် မတ်လ ၈ရက်

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM), ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) နှင့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံ (ND-Burma) တို့မှ “ခုခံတွန်းလှန်ခြင်း”- “စစ်အာဏာ သိမ်းပြီးချိန်မှ စ၍ တနှစ်အတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို စမ်းသပ်မှု” ဆိုသည့် ပူးတွဲစာတန်းကို ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှဆိုလျှင် ၁၃ လတာကြာမြင့်ပြီးနောက် မြန်မာပြည်သူများ၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို စစ်အာဏာ ရှင်များမှ အလျှင်အမြန် လုယူလိုက်ကြသည်။ မြန်မာစစ်တပ်မှ အတင်း အဓမ္မထောင်နှင့်ချီဖမ်းဆီးမှုနှင့် ရာနှင့်ချီ သတ်ဖြတ်ခံရမှုတွင် အမျိုးသမီးများ လည်း ပါဝင်ကြသည်။ ပြည်သူလူထု၏ ဘဝလုံခြုံစိတ်ချ ဘေးကင်းမှုမရှိသည်မှာ လပေါင်းများစွာ ရှိပြီဖြစ်သည်။ ပြည်သူလူထု၏ အသက်အိုးအိမ်အပေါ် အကြီးအကျယ် ခြိမ်းခြောက် အန္တရာယ်ပြုနေ သော်လည်း နွေဦးတော်လှန်ရေး သည် စစ်အာဏာရှင်တို့အောက် ဒူးမထောက် ဦးမညွတ်ဆန့်ကျင်သူများအား စုစည်း၍ ဆက်လက်တိုက် ပွဲဝင်လျှက်ရှိသည်။

မြန်မာတဝှန်းလုံးရှိ အမျိုးသမီးများသည် တန်းတူညီမျှမှုနှင့် ကဏ္ဌတိုင်းတွင် အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်ရရန် မမောနိုင် မပန်းနိုင် စည်းရုံးလှုံ့ဆော်လျှက်ရှိကြသည်။ အာဏာသိမ်းပြီး ချိန်မှစ၍ တိုင်းပြည်တဝန်း အမျိုးသမီးခေါင်းဆောင်များသည် ဆန္ဒပြပွဲများကို ဦးဆောင်ခြင်း၊ စစ်အာ ဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများကို စီစဥ်ခြင်းနှင့် ထွက်ပြေးတိမ်း ရှောင်ရသည့် မိသားစုများ ဒေသခံ အရပ်သား ကာကွယ်ရေးတပ်များအား ကူညီထောက်ပံ့ပေးရန် နောက်ကွယ်မှ ဆောင်ရွက်ပေးကြသည်။ ဆရာဝန်၊ ဆေးဝန်းထမ်း၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဘဏ်ဝန် ထမ်းများနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူ မျိုးစုံအဖြစ်မှ အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည်။ ခြိမ်းခြောက်မှု များရှိနေ သော်လည်း မြန်မာပြည်ရှိ အမျိုးသမီးများမှာ ဆက်လက်ခုခံ တွန်းလှန်နေကြဆဲ ဖြစ်သည်။

အရပ်သားများအပေါ် အကြမ်းဖက်မှု အထူးသဖြင့် ကလေးနှင့် အမျိုးသမီးများ၏ ဘဝကို အန္တရာယ် ဖြစ်စေသည့် စစ်ပွဲအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန် HURFOM, KWAT နှင့် ND-Burma တို့မှ တောင်းဆိုပါသည်။ အမျိုးသမီးများသည် ၎င်းတို့နေထိုင်ရာ နေအိမ်များတွင် မိ သားစုနှင့် အတူရှိနေချိန်တွင်ပင် စစ်အာဏာရှင်တပ်များ၏ သေနတ်ဖြင့်ချိန်၍ ဖမ်းဆီးခံရပြီး စစ်တပ် အချုပ်စခန်းများတွင် ပြင်းထန်ဆိုးရွားသည့် အကြမ်းဖက်မှုများ ခံကြရသည်။ အတင်းအဓမ္မဖမ်းဆီး၊ ထိန်းသိမ်းမှုနှင့် ပျောက်ဆုံးခြင်းများ ပိုမိုများပြားလာသည့် အတွက် အလျင်အမြန်အရေးယူ ဆောင်ရွက် ခြင်းမရှိပါက စစ်အာဏာရှင်တို့အား ဆန့်ကျင်တော်လှန်နေသည့် အမျိုးသမီးများအတွက် အန္တရာယ် ပို၍ ရှိနေသည်။

ဆက်သွယ်ရန်

ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံသည်(KWAT)

kwat.office@gmail.com

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

auemon@gmail.com

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)(ND-Burma)

NDBoffice@protonmail.com

အစီရင်ခံစာ အသေးစိတ်ကို ဒေါင်းလုတ် လုပ်ရန် [Statement Burmese Version] [Report Burmese Version]